
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၀း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀) နာရီ၊ (၀၉) မိနစ်၊ (၂၉)စက္ကန့် အချိန် တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (အင်ဂျန်းယန်မြို့၏ တောင်ဘက်(၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ်(၂၅.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၇.၇၄)ဒီဂရီ၊ အနက်(၁၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။