
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၃၃)မိနစ်၊ (၃၈)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၃၇၄)မိုင် ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၁.၄၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၅)ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။