
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၆း၀၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅) နာရီ၊ (၄၇) မိနစ်၊ (၄၂) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၄၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၃၉) မိုင် ခန့် အကွာ)၊ မြောက်လတ္တီ တွဒ် (၂၂.၇၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၉)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။