
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၅း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၄၂)မိနစ်၊ (၁၉) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ တောင်ဘက် (၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ( ဟားခါးမြို့၏ တောင်ဘက် (၆)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၀)ဒီဂရီ၊ အနက်(၂၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။