DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၅.၆.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်အရှေ့

တောင်ပိုင်းတို့တွင်မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်

မုတ်သုံလေအားနည်းနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း

ဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊ရှမ်းပြည်နယ်

(အ‌ရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်

နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင်‌့ ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊

ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေအားအနည်းငယ်မှအားအသင့်အတင့်

ရှိမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။