(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်း
ကတနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီး
နှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာခဲ့ပါသည်။ညအပူချိန်များမှာကချင်ပြည်နယ်တွင်ဇန်နဝါရီလ၏ပျမ်းမျှ
အပူချိန်ထက်(၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ဧရာဝတီတိုင်းဒေသကြီးတွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်အောက်(၃)
ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာ
ရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာပင်လောင်းမြို့နှင့်ဟားခါးမြို့တို့တွင်(၃)ဒီဂရီစင်တီဂရိတ်စီ၊နမ်စန်မြို
့နှင့်လွိုင်လင်မြို့တို့တွင်(၄)ဒီဂရီစင်တီဂရိတ်စီ်၊ဟဲဟိုးမြို့နှင့်ပြင်ဦးလွင်မြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်စီတ်ို့ဖြစ်
ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြအနေ။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်း
နေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့်သာယာနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်
ကျားမိုးရွာနိုင်ပြီး၊တနင်္သာရီတိုင်းဒေသကြီးတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်
တို့တွင်အများအားဖြင့်သာယာမည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများတွင်နေရာကွက်ကျားမိုးရွာနိုင်ပါ
သည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။