မြေငလျင်သတင်း
မြန်မာစံတော်ချိန် (၁၃း၅၅)နာရီ ထုတ်ပြန်ချက်
၂၀၁၉ ခုနှစ် ၊ ဧပြီလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၃)နာရီ (၂၆)မိနစ် (၂၄) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၇)မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၂)ဒီဂရီ၊ အနက် (၅၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါ သည်။