DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၀၃-၁၂-၂၀၂၄:  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Earthquake News

မြေငလျင်သတင်း

မြန်မာစံတော်ချိန် (၀၄း၄၀)နာရီထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့ မြန်မာစံတော်ချိန် (၀၄)နာရီ (၀၉)မိနစ် (၅၁)စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၃) မိုင်ခန့် ကွာဝေး သော   မြန်မာနိုင်ငံပြည်တွင်း (ကသာမြို့၏ အနောက်-အနောက်တောင်ဘက် (၁၃)မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၄.၁၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး(၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။