DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

Daily Weather Forecast (13.5.2015)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ မေလ (၁၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

ရှမ်းပြည်နယ်တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊စစ်ကိုင်းတိုင်း

ဒေသကြီးအထက်ပိုင်းတွင်နေရာကွက်၍မိုးကြီးခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်

အတင့်ဖြစ်ထွန်းခဲ့ပါသည်။နေ့အပူချိန်များမှာစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်

(အရှေ့ပိုင်း)နှင့်ချင်းပြည်နယ်တို့တွင်မေလ၏ပျမ်းမျှအပူချိန်ခန့်သာရှိပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်မေလ၏ပျမ်းမျှ

အပူချိန်တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်ထိ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်

မေလ၏ပျမ်းမျှအပူချိန်တို့ထက်(၅)ဒီဂရီစင်တီဂရိတ်မှ(၆)ဒီဂရီစင်တီဂရိတ်ထိပိုခဲ့ပါသည်။ထူးခြားသည့်

နေ့အပူချိန်များမှာချောက်မြို့နှင့်မကွေးမြို့တို့တွင်(၄၄)ဒီဂရီစင်တီဂရိတ်စီ၊မြင်းခြံမြို့၊ ညောင်ဦးမြို့နှင့်

ရမည်းသင်းမြို့တို့တွင်(၄၃)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာ

ကသာမြို့တွင်(၃.၀၇)လက်မ၊မြောက်ဦးမြို့တွင်(၁.၃၀)လက်မ၊ကျောက်တော်မြို့တွင်(ဝ.၅၉)လက်မနှင့်

သီပေါမြို့တွင်(ဝ.၄၇)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်အများအားဖြင့်သာယာနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတွင်

တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊တနင်္သာရီတိုင်းဒေသကြီးတွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ြမန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများတွင်မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။  နေရာကွက်ကျားမိုးထစ်ချုန်း

ရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။