Monday, March 3, 2025 - 10:30

မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၀၃) မိနစ်၊ (၁၃) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၇) မိုင်ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၁၇.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်းတိုင်းထွာရရှိပါသည်။