DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ ၂၅-၁၁-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေ-သီရိလင်္ကာနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

DMH News

Hazard modeling Training
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးဆိုင်ရာ နည်းပညာပံ့ပိုးမှု သင်တန်း
Hazard modeling Training
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးဆိုင်ရာ နည်းပညာပံ့ပိုးမှု သင်တန်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ...
“Implementation of Synergized Standard Operating Procedures for Coastal Multi-Hazards Early Warning System" အလုပ်ရုံဆွေးနွေးပွဲ
Implementation of Synergized Standard Operating Procedures for Coastal Multi-Hazards Early Warning SystemWorkshop from  1st and 2nd November, 2018 .
The Hydrologic Engineering Center’s River Analysis System (HEC-RAS) and integration of Satellite-based Rainfall Estimations for Hydrological Modeling training
Hydrologic Engineering Center's River Analysis System(HEC-RAS) and integration of Satellite-based Rainfall Estimations for Hydrological  Modeling Training from 22nd October to 26th October 2018
Myanmar Flash Flood Guidance System Administration Training
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ြမန်မာနိုင်ငံအတွင်း တစ်နိုင်ငံလုံး လွှမ်းခြုံသည့် လျှပ်တစ်ပြက် ရေကြီးခြင်းဆိုင်ရာ ကြိုတင်သတိပေးစနစ်အတွက် နည်းပညာ စီမံခန့်ခွဲမှုသင်တန်း

Pages