DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ပထမ(၁၀)ရက်ပတ် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်
(၂၈-၇-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)
 
ဧရာဝတီမြစ်ရေသည် သြဂုတ်လ ပထမ(၁၀)ရက်ပတ်အတွင်း  မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၄-ပေမှ ၇-ပေခန့်နှင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် သြဂုတ်လ ပထမ(၁၀)ရက်ပတ်အတွင်း  ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ နှင့်ဖောင်းပြင်မြို့ တို့တွင်  ၅-ပေမှ ၇-ပေခန့် မြင့်တက်လာနိုင်ပြီး မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့ တွင်  ၂-ပေမှ ၄-ပေခန့် မြင့်တက်လာနိုင်ပါသည်။