DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၁၂-၂၀၂၄: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက်(၁၀.၅.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ခုနှစ်၊ မေလ(၁၀)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်း

ရွာခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။နေ့အပူချိန်များမှာ

စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မေလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပြီး၊ရန်ကုန်

တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မေလ၏ပျမ်းမျှအပူချိန်တို့ထက်

(၅)ဒီဂရီစင်တီဂရိတ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်မေလ၏ပျမ်းမျှအပူချိန်တို့ထက်(၃)ဒီဂရီစင်တီ

ဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်ထိပိုခဲ့ပါသည်။ထူးခြားသည့်နေ့အပူချိန်များမှာမုံရွာမြို့၊ညောင်ဦးမြို့၊ချောက်မြို့၊

မင်းဘူးမြို့နှင့်မကွေးမြို့တို့တွင်(၄၂)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာ

ကော့သောင်းမြို့တွင်(၁.၅၇)လက်မနှင့်ကျောက်ဖြူမြို့တွင်(ဝ.၂၃)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်

တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။  

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်း

ရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း

ရွာဖွယ်ရာရှိပါသည်။ရွာရန်ရာနှုန်း(၄၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း

ရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။