လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန်(၀၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသော လေဖိအား နည်းရပ်ဝန်း(Well Marked Low Pressure Area)သည် လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။
(၂) ယခုသတင်းသည် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါ သည်။