DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၁-၁၂-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း(သီရိလင်္ကာနိုင်ငံကမ်းလွန်)တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း သီရိလင်္ကာနိုင်ငံကမ်းခြေ-အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

လေဖိအားနည်းရပ်ဝန်းအခြေအနေ  (၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့         မြန်မာစံတော်ချိန်(၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

                                                                                                                                                                                                         

လေဖိအားနည်းရပ်ဝန်းအခြေအနေ

 (၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့

        မြန်မာစံတော်ချိန်(၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

         

          "ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ နောက်(၉၆)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ရောက်ရှိပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ တစ်ဖြည်းဖြည်းရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ "