DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၅-၂-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပါသည်။ 

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမြစ်ရေအခြေအနေခန့်မှန်းချက်
 
(၂၈-၁၀-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)
 
              ဧရာဝတီမြစ်ရေသည် နိုဝင်ဘာလအတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၄-ပေမှ ၅-ပေခန့်နှင့် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင်  ၅-ပေမှ  ၇-ပေခန့် ကျဆင်းနိုင်ပါသည်။ 
 
              ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့်၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၆-ပေမှ ၇-ပေ ခန့် ကျဆင်း နိုင်ပါသည်။