Monday, February 28, 2022 - 19:30
ရေနည်းမည့် အခြေအနေသတင်း
(၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်၊ (၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည်ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင်(၂၆၂)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၂ ခုနှစ်၊ မတ်လပထမ(၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။