DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၁-၁၁-၂၀၂၄: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မြေငလျင်သတင်း

မြေငလျင်သတင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၄၃) မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် တောင်ကြီးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၅၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဆီဆိုင်မြို့၏ အရှေ့ဘက် (၁၅) မိုင်ခန့်ကွာ) မြောက်လတ္တီတွဒ် (၂၀.၁၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၄၈) ဒီဂရီ၊ အနက် (၅၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။