DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၄-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ ၂၅-၁၁-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေ-သီရိလင်္ကာနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

မြစ်ရေကြီးခြင်းသတိပေးချက်

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်၊ (၁၅း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)         

        ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ တွင် (၃)ပေခန့်၊ ဗန်းမော်မြို့တွင် (၇)ပေခွဲခန့်နှင့် ရွှေကူမြို့တွင် (၄)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်‌ အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေများသည် မြစ်ကြီးနားမြို့နှင့် ရွှေကူမြို့တို့တွင် နောက်(၂)ရက်အတွင်းနှင့် ဗန်းမော်မြို့တွင် နောက်(၃)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။

       ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၅) ပေခွဲခန့်နှင့် ဟုမ္မလင်းမြို့တွင်(၆)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေများသည် နောက်(၂)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။

       သို့ဖြစ်ပါ၍ မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြု အပ်ပါသည်။