DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်”(FENGAL) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၆၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်နှင့် ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့ဘက် ရေမိုင် ၁၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက် (၂၆.၅.၂၀၁၅)

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

 (၂၀၁၅ ခုနှစ်၊ မေလ (၂၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်

အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်

တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံ(၃၅)မိုင်မှ မိုင်(၄၀)။

လှိုင်းအခြေအနေ။  လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။  နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံ(၃၅)မိုင်မှ မိုင်(၄၀)။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။