DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၁-၁၀-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ် ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်း လာနိုင်ကာ ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ကာ၊ ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေ)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ် ပိုမိုအားကောင်းလာနိုင်ကာ၊ ၂၅-၁၀-၂၀၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြား မှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများအတွက် မိုးလေဝသခန့်မှန်းချက်(၂၁-၁၀-၂၀၂၄)

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများအတွက် မိုးလေဝသခန့်မှန်းချက်(၂၁-၁၀-၂၀၂၄)

စဉ်

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့

ကြီးများ

မနက်ဖြန်အတွက် ခန့်မှန်းချက်

မိုးရွာသွန်းမှုအခြေအနေ

အမြင့်ဆုံးပူချိန်  ဒီဂရီဆဲလ်စီးယပ်/ ဒီဂရီဖာရင်ဟိုက်

အနိမ့်ဆုံးပူချိန်    ဒီဂရီဆဲလ်စီးယပ်/ ဒီဂရီဖာရင်ဟိုက်

၁။

မြစ်ကြီးနား

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၃၁/၈၈

၁၈/၆၄

၂။

လားရှိုး

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၃၁/၈၈

၁၉/၆၆

ကျိုင်းတုံ

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၂၉/၈၄

၂၁/၇၀

တောင်ကြီး

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၂၃/၇၃

၁၇/၆၃

၃။

ဟားခါး

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၂၁/၇၀

၁၀/၅၀

၄။

ဟုမ္မလင်း

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၃၂/၉၀

၂၂/၇၂

မုံရွာ

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၃၂/၉၀

၂၄/၇၅

၅။

နေပြည်တော်

မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။

၃၂/၉၀

၂၃/၇၃

၆။

မန္တလေး

မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာမည်။

၃၂/၉၀

၂၃/၇၂

၇။

မကွေး

မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။

၃၂/၉၀

၂၀/၆၈

၈။

စစ်တွေ

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၃၄/၉၃

၂၂/၇၂

၉။

ပဲခူး

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၂၉/၈၄

၂၀/၆၈

၁၀။

ရန်ကုန်

(ကမ္ဘာအေး)

မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။

၂၉/၈၄

၂၁/၇၀

၁၁။

ပုသိမ်

မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။

၂၇/၈၁

၂၀/၆၈

၁၂။

လွိုင်ကော်

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍နေရာကွက်ကျား မိုးရွာမည်။

၃၀/၈၆

၂၀/၆၈

၁၃။

ဘားအံ

နေရာကွက်ကျား မိုးရွာမည်။

၃၃/၉၁

၂၃/၇၃

၁၄။

မော်လမြိုင်

နေရာကွက်ကျား မိုးရွာမည်။

၃၄/၉၃

၂၄/၇၅

၁၅။

ထားဝယ်

မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာမည်။

၃၂/၉၀

၂၄/၇၅