အထက်မြန်မာပြည်ဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ ၁။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အထက်မြန်မာပြည်ဌာနခွဲသည် ဖွဲ့စည်း ပုံအရ ညွှန်ကြားရေးမှူးးမှ စီမံအုပ်ချုပ်ပြီး ဌာနခွဲလက်အောက်ခံ ပြည်နယ်နှင့် တိုင်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည် - (က) ကချင်ပြည်နယ် (ခ) ချင်းပြည်နယ် (ဂ) ရှမ်းပြည်နယ် (ဃ) မန္တလေးတိုင်း (င) စစ်ကိုင်းတိုင်း ၂။ ဖော်ပြပါ ပြည်နယ်တိုင်းအသီးသီးရှိ ရုံး/စခန်းများအားလုံး၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းတာရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရပါ သည်။ ဌာနခွဲလက်အောက်တွင် စီမံရေးရာ၊ ဘတ်ဂျက်နှင့်ငွေစာရင်း၊ မိုးလေဝသ၊ ဇလဗေဒ၊ စီမံကိန်း၊ မြေငလျင်စသည့် ဌာနစုများကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ကြ ပါသည်။ |
22-1-2025: Weather is partly cloudy to cloudy over the Andaman Sea and South Bay of Bengal and a few cloud elsewhere over the Bay of Bengal.