၁၆-၉-၂၀၂၆:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၅၁)မိနစ်၊ (၂၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၂၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်တောင်ဘက် (၁၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၁၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇)ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။













