၂၆-၇-၂၀၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် နောက် ၂ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၃၆) မိနစ်၊ (၁၈) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၉) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၃၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၂၃.၄၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၀) ဒီဂရီ၊ အနက် (၇၅) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၇(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













