နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

     (၂၀၂၀ ပြည့်နှစ်၊ မေလ (၂၁)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော(၂၄)နာရီအ

တွင်းက ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်

မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ကရင်ပြည်

နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း

ရွာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ ရှမ်းပြည်နယ်

(အရှေ့ပိုင်း)တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် (၄)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်နှင့် ကရင်ပြည်နယ်

တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊  စစ်ကိုင်းတိုင်းဒေသကြီးအထက်

ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မေလ၏ ပျမ်းမျှ အပူချိန်တို့အောက် (၂)ဒီ

ဂရီစင်တီဂရိတ်၊ ချင်းပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ်နှင့် ရခိုင်

ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန် အောက် (၆)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ၊ ကျန်တိုင်း

ဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်

များမှာ မြဝတီမြို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်၊  ရမည်းသင်းမြို့၊ လွန်ကျော်မြို့နှင့် ချောက်မြို့တို့တွင်

(၃၈)ဒီဂရီစင်တီဂရိတ်စီနှင့် ဗန်းမော်မြို့၊ မော်လိုက်မြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ မန္တလေးမြို့၊ ကျောက်

ဆည်မြို့၊ လှိုင်းတက်မြို့နှင့် တံတားဦးမြို့တို့တွင် (၃၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သား

ဖွယ်ရာ မိုးရေချိန်များမှာ ကျောက်တော်မြို့တွင် (၂.၇၂)လက်မ၊ မောင်တောမြို့နှင့် စစ်တွေမြို့တို့တွင်

(၂.၃၆)လက်မစီ၊ မော်လိုက်မြို့တွင် (၂.၀၁)လက်မ၊ ဖောင်းပြင်မြို့တွင် (၁.၈၅)လက်မ၊ မာန်အောင်မြို့

တွင် (၁.၈၁)လက်မ၊ ရန်ကုန်(မြို့လယ်)တွင် (၁.၇၇)လက်မ၊ ပလက်ဝမြို့တွင် (၁.၇၃)လက်မ၊ မြိတ်မြို့

နှင့် လောင်းလုံး မြို့တို့တွင် (၁.၆၉)လက်မစီ၊ ကျောက်ပန်းတောင်း(စိုက်ပျိုးရေး)တွင် (၁.၆၅)လက်မ၊

ဇောင်းတူမြို့တွင် (၁.၆၁)လက်မနှင့် မအူပင်မြို့တွင် (၁.၄၂)လက်မတို့ ဖြစ်ကြပါသည်။

 ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များ

ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘိုဂူရမြို့(Bogura)မြို့အနီးမှ ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း

(Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်း

ငယ် (Depression) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည်

အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ယနေ့ညနေပိုင်းတွင် တစ်ဖြည်းဖြည်း အားပျော့ပျက်

ပြယ်သွားမည်ဟု ခန့်မှန်းရပါသည်။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း

တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ

တိမ်ထူထပ်နေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်

(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး

တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်

တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး

အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်

ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျဉ် ရေပြင်/

မြေပြင်လေသည် တစ်နာရီလျှင်  မိုင်(၄၀)အထိ  တိုက်ခတ်နိုင်ပါသည်။  လှိုင်းအမြင့်မှာ မြစ်ဝကျွန်း

ပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါ

သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်

တစ်ခါတစ်ရံ  မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုး

သက်လေပြင်းကျဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်

ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိ နိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ

ဆက်လက်ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။        မိုးတစ်ကြိမ်၊

နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။           မိုးတစ်ကြိမ်၊

နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်           နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။