အအေးလှိုင်း (Cold wave)
အအေးလှိုင်း (Cold wave)
ဆောင်းမုတ်သုံအားကောင်းတတ်သည့်ဒီဇင်ဘာလ၊ဇန်နဝါရီလများအတွင်းမြန်မာနိုင်ငံအရှေ့ဘက်
ရှမ်းကုန်းမြင့်ဒေသများ၊မြေလတ်ပိုင်းဒေသများတွင်အအေးလှိုင်းဖြစ်ပေါ်မှုအများဆုံးဖြစ်ပေါ်ကြောင်း
တွေ့ရပါသည်။ဆောင်းမုတ်သုံကာလတွင်းတရုတ်ပြည်ပေါ်မှ လေဖိအားများဒေသ(High Pressure
Region)သည်တဖြည်းဖြည်းအင်အားချဲ့ထွင်လာသည့်အခါ၎င်းလေဖိအားများဒေသမှ လေဖိအားများ
ဘောင်တန်း(Ridge)သည်မြန်မာနိုင်ငံသို့အရှေ့မြောက်ဘက်မှတိုးဝင်လာပြီး၊၎င်းလေဖိအားများ
ဘောင်တန်းထိပ်ဖက်တွင်အအေးပိုခြင်း ဖြစ်ပေါ်လာပါသည်။
ဆောာင်းရာသီကာလတွင် ပုံမှန်အပူချိန်တို့အောက် ၇ ဒီဂရီဆဲလ်စီးယပ်မှ ၈ ဒီဂရီဆဲလ်စီးယပ်အောက်
လျော့နည်းခြင်း ၃ ရက်နှင့်အထက် ဖြစ်ပေါ်နေပါက အအေးလှိုင်းဟု အဓိပ္ပါယ် သတ်မှတ်
ပြီး၊ ၉ ဒီဂရီဆဲလ်စီးယပ်နှင့်အောက်လျော့နည်းခြင်း ၃ ရက်နှင့်အထက် ဖြစ်ပေါ်နေပါက
အားကောင်းသော အအေးလှိုင်းဟု အဓိပ္ပါယ်သတ်မှတ်ထားပါသည်။













