နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၀ ပြည့်နှစ်၊ မေ(၂၁)က်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

==============================================================

                                                                                                                            

 ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ

အချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ခဲ့

သော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန်

(AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်

တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ (Kolkata)၏ အရှေ့မြောက်ဘက် မိုင်(၁၆၀)ခန့်၊

ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘိုဂူရမြို့(Bogura)၏ အရှေ့တောင်ဘက် (၁၀)မိုင်ခန့်၊ ဒါ

ကာမြို့(Dhaka)၏ အနောက်မြောက်ဘက် (၈၅)မိုင်ခန့်အကွာတွင် ဆက်လက်

တည်ရှိနေပါ သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်

ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလား

ပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ

ကျဲကျဲ၊ နေပြည်တော်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့

တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီ

းနိုင်ပါ သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်း

လွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်း

ကြီးမည်။ မိုးသက်လေပြင်းကျဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ လျှင်

 မိုင်(၄၀)အထိ  တိုက်ခတ်နိုင်ပါသည်။  လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊  ရခိုင်

ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေ

ခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင်  တစ်ခါတစ်ရံ  မိုးသက်လေပြင်း  များကျရောက်

ပြီး လှိုင်းအသင့်အတင့် မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျဉ် ရေပြင်

/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်း

အမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင် တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိ နိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်

ကချင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုး ကြီးနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်နေရာ

ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။    မိုးတစ်ကြိမ်၊

နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်ပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  နေရာကွက်

ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။