နေ့စဉ်မိုးလေဝသသတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်
းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်
နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်
ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်
အသင့်အတင့် ဖြစ်ထွန်းခဲ့ ပါသည်။ ညအပူချိန်များမှာ မွန်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်
ထက် (၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ
တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန် တို့ထက် (၃)
ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်
(အရှေ့ပိုင်း)၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီ
စင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ဇန်နဝါရီ
လ၏ ပျမ်းမျှအပူချိန်တို့ထက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ် အထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသ
ကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များ
မှာ မင်းတပ်မြို့နှင့် ဟားခါးမြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီ၊ တီးတိန်မြို့တွင် (၆)ဒီဂရီစင်တီဂရိတ်၊
ဖလမ်းမြို့တွင် (၇)ဒီဂရီစင်တီဂရိတ်နှင့် မတူပီမြို့၊ တွန်းဇံမြို့နှင် ရမ်ကလောင်းတို့တွင် (၈)ဒီဂရီစင်တီ
ဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မိုးကုတ်မြို့ တွင် (၁.၂၆)လက်မ၊ ကွမ်းလုံ
မြို့တွင် (၁.၂၂)လက်မ၊ မိုးမိတ်မြို့တွင် (၀.၉၁)လက်မ၊ မူဆယ်မြို့တွင် (၀.၇၉)လက်မ၊ မြစ်ဆုံတွင် (၀.၅၉)
လက်မ၊ မင်းတပ်မြို့တွင် (၀.၄၇)လက်မနှင့် ကျောက်မဲမြို့တွင် (၀.၃၉)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်း
ငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်
နယ်(မြောက်ပိုင်း)တို့တွင် နေရာ ကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊
ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်
ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်
အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ည
အပူချိန်များ အနည်းငယ်လျော့နည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်
ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်
းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။













