၂၈-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ရနမ် ကမ်းခြေတို့ကို ဘပတ်လမြို့(Bapatla)နှင့် ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)တို့အကြား၊ ရနမ်မြို့(Yanam) တောင်ဘက် အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။
Earthquake News
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် (၀၃း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၅၅)မိနစ်၊ (၀၉)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်ဘက် (၆)မိုင်ခန့် ကွာဝေးသော (Myanmar-India Border Region) မြောက်လတ္တီတွဒ် (၂၄.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၂) ဒီဂရီ၊ အနက်(၅၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ်ရှိသာ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၁၀)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၂၁၂) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Sulawesi, Indonesia) တောင်လတ္တီတွဒ် (၁.၇၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၂.၆၄) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၆) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၅၃)မိနစ်၊ (၀၀)စက္ကန့် အချိန်တွင် ပုသိမ်မြေငလျင်စခန်းမှ တောင်- အနောက်တောင်ဘက် (၃၅၆) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၁.၈၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၉၈) ဒီဂရီ၊ အနက် (၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် (၁၄း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၁၅)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်ဘက် (၈၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar India Border Region) မြောက်လတ္တီတွဒ် (၂၅.၄၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













