၇-၉-၂၀၂၆:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အနောက် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၄၃)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်ညိုမှအနောက်တောင်ဘက်(၁၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၈၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၇) ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ် ၊ ဧပြီလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၀၆)နာရီ (၀၇)မိနစ် (၅၆) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၂) မိုင်ခန့် ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကန့်ဘလူမြို့၏ အနောက်မြောက်ဘက် (၃၂) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃.၄၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၀)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၄၅)မိနစ်၊ (၅၂)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၆၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Eastern Xizang- India Border Region) မြောက်လတ္တီတွဒ် (၂၈.၃၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၅) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၃၇)မိနစ်၊ (၂၆)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ အရှေ့တောင်ဘက်(၃၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၄၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၂) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၃၁)မိနစ်၊ (၀၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၁၇၂၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Taiwan) မြောက်လတ္တီတွဒ် (၂၄.၁၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၁.၆၈) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၂) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၂၈)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၅၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ အနောက်မြောက်ဘက် (၂၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၄၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၇၈) ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













