နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ(၂၅)က်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

                                                                                                                            

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်

တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား

ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန်

တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော

 အားကောင်းသော အပူပိုင်းမုန်တိုင်း “ဆာ့ဒယ်(လ်)” (Saudel)သည်

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang)၏ အရှေ့မြောက်ဘက် မိုင်(၁၁၀)

ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပြီး၊ အနောက်ဘက်သို့ ဆက်လက်

ရွေ့လျားကာ၊ ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်းဒေသများ

ကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသ

ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာ

မည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။  လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး

တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်

ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ

စိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်နေရာကွက်ကျား

 မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။    နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်နေရာကွက်ကျား

မိုးထစ်ချုန်းရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။