ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿကမ်းခြေသို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၂၅)မိုင်ခန့်၊ ချန်ဘလီ(Chandbali) မြို့၏ အရှေ့တောင် ဘက် ရေမိုင် မိုင်(၃၀)ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေ(Sittwe)မြို့၏ အနောက်ဘက် ရေမိုင် (၃၃၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၄၉၀)မိုင်ခန့်နှင့် ကိုကိုးကျွန်း(Coco Island)မြို့၏ မြောက်- အနောက်မြောက်ဘက် ရေမိုင် (၅၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။
ရေပြင်လေ။ အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။
လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ (၉)ပေမှ (၁၂)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။
လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ (၉)ပေမှ (၁၂)ပေခန့်။













