ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
====================================
(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
===========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန်
တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ
နေသာမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအား ကောင်းလာကာ
အားကောင်းသောမုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏
အရှေ့ တောင်ဘက် မိုင်(၅၆၀)ခန့်၊ မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၆၁၀)ခန့်၊
ကားနီကိုးဘားမြို့၏ အနောက်မြောက်ဘက် မိုင်(၁၉၀)ခန့်နှင့် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏
အနောက်တောင်ဘက် (၂၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ
အားကောင်းသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျား မည်ဟုခန့်မှန်း
ရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊
ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အမြင်တာ ။ (၅)မိုင်၊
ရေပြင်လေ။ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့် ရှိမည်။













