ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်

မုတ်သုံလေအားနည်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။   နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ ။                   (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။

ရေပြင်လေ။                   အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅)မိုင်၊

တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။

လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                 (၇)ပေမှ (၉)ပေခန့်။
    

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။   နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                    (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                    မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၅- ၁၀)မိုင်၊

တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။          လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                 (၃)ပေမှ (၆)ပေခန့်။