ပင်လယ်ပြင်မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

(၂၀၁၅ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေ

ပါသည်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။  နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ အနောက်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံမိုင်(၃၀)။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။  နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

အမြင်တာ။ (၅)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ အနောက်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀ -၁၅)မိုင်၊တစ်ခါတစ်ရံ(၂၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။