၁၀ ရက်ပတ် ဇလဗေဒခန့်မှန်းချက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၁၁-၁၀-၂၀၂၆ ရက်နေ့ ထုတ်ပြန်သည်)

 

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် ၁ ပေခွဲမှ ၂ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့် တက်လာနိုင်ပါသည်။ 

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင်  ၁ ပေ မှ ၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာ နိုင်ပါသည်။

ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက် မှ ၁ ပေခန့်၊ သံလွင် မြစ်ရေသည် ဘားအံမြို့တွင်  ပေဝက်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေ သည် ဇောင်းတူမြို့တွင် ပေဝက်ခန့်နှင့် ပဲခူးမြို့တွင်  ၂ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်း မြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက် မှ ၁ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင်  ပေဝက်ခန့်နှင့် ဘီးလင်း မြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မြစ်သာမြစ် ရေသည် ကလေးမြို့တွင် ၁ပေခန့်၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ပေဝက်ခန့်၊ ရွှေကျင်မြစ် ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁ ပေခွဲခန့်  လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။