၂၄-၉-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)နှင့် ဂိုလ်ပါပူမြို့(Gopalpur)တို့အကြား ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)၏အနောက်တောင်ဘက်အနီးမှ စတင်ဖြတ်ကျော် လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကျန် ဘင်္ဂလားပင်လယ်အော်တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
စံချိန်သစ်များ
အနိမ့်ဆုံးအပူချိန်စံချိန်သစ်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့ ထုတ်ပြန်ချက်
စဉ်
စခန်းအမည်
အနိမ့်ဆုံးအပူချိန်စံချိန်သစ်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့ ထုတ်ပြန်ချက်
စဉ်
စခန်းအမည်
အနိမ့်ဆုံး အပူချိန်
စံချိန်သစ်
အနိမ့်ဆုံးအပူချိန်စံချိန်သစ်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ ထုတ်ပြန်ချက်
စဉ်
စခန်းအမည်
အနိမ့်ဆုံး အပူချိန်
စံချိန်သစ်
မြေငလျင်သတင်းထုတ်ပြန်ချက်
(မြန်မာစံတော်ချိန် (၀၉း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၄၉)မိနစ်၊ (၄၅)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၅၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်မာ-အိန္ဒိယ နယ်စပ်) မြောက်လတ္တီတွဒ် (၂၄.၀၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၄) ဒီဂရီ၊ အနက် (၄၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
(မြန်မာစံတော်ချိန် ၀၀း၁၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၄၅)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၆၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်မာ-အိန္ဒိယ နယ်စပ်) မြောက်လတ္တီတွဒ် (၂၃.၉၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၈) ဒီဂရီ၊ အနက် (၅၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မိုးရေချိန်စံချိန်သစ်
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့ ထုတ်ပြန်ချက်)













