မြစ်ရေကြီးခြင်းသတိပေးချက်

ရေကြီးခြင်းသတိပေးချက်

(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)  

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၉ လက်မခန့်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်   တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ လက်မခန့်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ ၆ လက်မခန့်ကျော်လွန် ရောက်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်နှင့် မအူပင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှား နိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။