မြစ်ရေကြီးခြင်းသတိပေးချက်

  

ရေကြီးခြင်းသတိပေးချက်

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက်)  

          ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်   တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေ ၅ လက်မခန့်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

          ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၇ လက်မခန့်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။