ရေနည်းမည့်သတိပေးချက်

ရေနည်းမည့်သတိပေးချက်

(၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ ၁၅:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့ တွင် ၃၈၆ စင်တီမီတာသို့ ရောက်ရှိနေပါသည်။  အဆိုပါမြစ်ရေသည် နောက် ၅ ရက်အတွင်း လက်ရှိ ရေမှတ်အောက် ၁ ပေခွဲခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၃၆၀ စင်တီမီတာ အောက်သို့ ရောက်ရှိနိုင်ပါသည်။