၂၇-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့တောင် ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ပင်လယ်ပြင်ခရီး မိုးလေဝသခန့်မှန်းချက်
BAY BULLETIN
ISSUED ON : 02 - 6 - 2020 AT: 13:00 hrs M.S.T
COMPOUND :
PART ONE : No storm
PART TWO : Monsoon is weak over the Andaman Sea, South Bay and East central Bay of Bengal. Weather is partly cloudy elsewhere over the Bay of Bengal.













