ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၂၃.၁၂.၂၀၁၆)

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်

သာယာနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်‌တို့တွင်တိမ်အသင့်အတင့်

မှတိမ်ထူထပ်နေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊တစ်နာရီပင်လယ်မိုင်(၁၀ - ၁၅)မိုင်၊တစ်ခါတစ်ရံ(၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ အများအားဖြင့်သာယာမည်။

အမြင်တာ။ (၆)မိုင်။

ရေပြင်လေ။ အရှေ့(သို့)အရှေ့တောင်၊တစ်နာရီပင်လယ်မိုင်(၅ - ၁၀)မိုင်၊တစ်ခါတရံမိုင်(၂၀)။

လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။