ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၂၃.၁၂.၂၀၁၆)
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်
သာယာနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်
မှတိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပါသည်။
အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊တစ်နာရီပင်လယ်မိုင်(၁၀ - ၁၅)မိုင်၊တစ်ခါတစ်ရံ(၂၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ အများအားဖြင့်သာယာမည်။
အမြင်တာ။ (၆)မိုင်။
ရေပြင်လေ။ အရှေ့(သို့)အရှေ့တောင်၊တစ်နာရီပင်လယ်မိုင်(၅ - ၁၀)မိုင်၊တစ်ခါတရံမိုင်(၂၀)။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။













