DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၂-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မိုးသက်လေပြင်း (Squalls)

မိုးသက်လေပြင်း (Squalls)

မုန်တိုင်းကမ်းမဖြတ်မီရှေ့ပြေးအနေနှင့်လည်းကောင်း၊အတန်းလိုက်ဖြစ်ပေါ်နေသော

သီးခြားမိုးတိမ်တောင်များမှလည်းကောင်း၊တိမ်အောက်ခြေတဖြည်းဖြည်းအောက်သို့

နိမ့်ကျလာရာမှမြေပြင်နှင့် ပေ ၁၀၀၀ မှ ၁၅၀၀ ခန့်အရောက်တွင်လေပြင်းများတိုက်ခတ်

စေပြီး၊မိုးရွာကျခြင်းကို မိုးသက်လေပြင်း ဟုခေါ်ဆိုပါသည်။