လေဖိအားနည်းရပ်ဝန်းအခြေအနေ အမှတ်စဉ်(၁၁/၂၀၂၆)

လေဖိအားနည်းရပ်ဝန်းအခြေအနေ အမှတ်စဉ်(၁၁/၂၀၂၆)

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

(­­­က)    လေဖိအားနည်းရပ်ဝန်းအခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၊ အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်(Mizoram)တို့ကို ဖြတ်ကျော်ခဲ့သော အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်(Mizoram)တို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ် အားလျော့သွားခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။ 

(ခ)     လေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံမှ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ဂ)     ယခုသတင်းသည် အားကောင်းသောမုန်တိုင်းငယ်အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး  သတင်း ဖြစ်ပါသည်။