လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း

လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက်

         

          ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ် နေပါသည်။