မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၉း၀၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၅၁) မိနစ်၊ (၃၈) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၆၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးဝမြို့၏ အရှေ့ဘက် (၁၅) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၃.၂၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၄) ဒီဂရီ၊ အနက် (၇၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၅(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။