ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၃ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာကာ  မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression) သည် မြန်မာနိုင်ငံ၊ မောင်တောမြို့(Maungdaw)၏ အနောက်တောင်ဘက် ရေမိုင်(၅၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက် မြောက်ဘက် ရေမိုင်(၈၀)မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်မြောက်ဘက် ရေမိုင် (၁၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၃၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ အရှေ့တောင်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

 အမြင်တာ။                  (၃)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

 ရေပြင်လေ။                  တောင်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၂၀-၂၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။

 လှိုင်းအ‌ခြေအနေ။           လှိုင်းကြီးမည်။

 လှိုင်းအမြင့်။                (၉)ပေမှ (၁၁)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။        

အမြင်တာ။                   (၃)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

 ရေပြင်လေ။                  တောင်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၃၀-၃၅)မိုင်၊ တစ်ခါတစ်ရံ (၄၅)မိုင်မှ မိုင်(၅၀)။

 လှိုင်းအ‌ခြေအနေ။           လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။

 လှိုင်းအမြင့်။                  (၁၂)ပေမှ (၁၅)ပေခန့်။