ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၃ခုနှစ် ဇွန်လ (၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေပြီး၊  ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။   နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                    (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။         တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။          

လှိုင်းအ‌ခြေအနေ။           လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။       (၅)ပေမှ (၇)ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။   နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးနိုင်ပါသည်။

အမြင်တာ။                    (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။                   တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ

                                          မိုင်(၄၀)။

လှိုင်းအ‌ခြေအနေ။           လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။       (၈)ပေမှ (၁၀)ပေခန့်။