ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

(၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။

ရေပြင်လေ။ တောင်(သို့)အရှေ့တာင်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၀-၃၅)မိုင်။

လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ နေရာကျဲကျဲ  မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၅)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။ ‌တောင်(သို့)အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀ -၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။